ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစာမေးပွဲများဖြေဆိုပြီးစီး

ကျောက်ပန်းတောင်း  မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအလယ်တန်း အဆင့်နှစ်ဆုံးစာမေးပွဲများ ဖြေဆိုလျက်ရှိရာ၊ ယမန်နေ့နံနက်ပိုင်းမှစ၍ နံနက်(၁၁)နာရီအချိန်က ဖြေဆို ပြီးစီးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့်ကျောင်းတွင်း စာမေးပွဲများ နှင့်နှစ်ဆုံး စာမေးပွဲများကို မတ်လ(၁၇)ရက်နေ့မှ စတင်ဖြေဆိုခဲ့ခြင်းဖြစ်ရာ၊ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများကို မူလတန်းအဆင့် သင်ရိုးသစ် Grade-4 နှစ်ဆုံးစစ်ဆေးခြင်း(Year Ean Test)နှင့် အခြေခံပညာအလယ်တန်းအဆင့် နှစ်ဆုံးစစ်ဆေးခြင်းကို မတ်လ (၁၇)ရက်နေ့မှ (၁၉)ရက်နေ့အထိ တစ်နေ့လျှင်(၂)ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုလျှင် စာသင်ချိန်တစ်ချိန်စာစစ်ဆေး၍ အလယ်တန်း ပြီးမြောက်မှုစာမေးပွဲ Grade-9 နှင့်အထက်တန်းဆင့် စာမေးပွဲများကို မတ်လ(၁၇)ရက်နေ့မှ (၂၃)ရက် နေ့အထိ ဖြေဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် အထက်တန်းအဆင့်တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၄၀၁)ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ အလယ်တန်းအဆင့်တွင်  စုစုပေါင်းကျောင်းသား/ကျောင်းသူ (၂၈၆၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်းသိရသည်။

အဆိုပါစာမေးပွဲများဖြေဆိုရာတွင် ယနေ့တွင် အထက်တန်းဆင့်ကျောင်းတွင်းစာမေးပွဲနှင့် အလယ်တန်းပြီးမြောက်မှု စာမေးပွဲ Grade-9 သိပ္ပံဘာသာရပ်ကို နောက်ဆုံးရက်အဖြစ်ဖြေဆိုခြင်းဖြစ်ကြောင်းလည်း သိရသည်။

နေအောင်(ပြန်/ဆက်)