ကော့ကရိတ်မြို့၌ အခြေခံပညာအလယ်တန်းအဆင့် စာမေးပွဲ ဖြေဆိုပြီးစီး

ကော့ကရိတ် မတ်  ၂၄

၂၀၂၁-၂၀၂၂ ပညာသင်နှစ်  အခြေခံပညာအလယ်တန်းအဆင့် စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ(၁၇)ရက်နေ့မှစ၍ စတင် ဖြေဆိုလျက်ရှိရာ ယမန်နေ့ နံနက် ၁၁နာရီအချိန်က သိပ္ပံဘာသာရပ် ကို ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ စာရင်းရှိ ကျောင်းသား၊ကျောင်းသူ ၂၆၇၉၅ ဦးရှိသည့်အနက်မှ လာရောက် ဖြေဆိုသူ ၂၅၇၀၅ ဦးရှိပြီး ၁၀၉၀ ဦး ပျက်ကွက်ကာ ဖြေဆိုမှု ရာခိုင်နှုန်း ၉၅.၉၃ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရ သည်။     

စောအောင်မျိုးလွင်(ပြန်/ဆက်)