နွားထိုးကြီး မတ် ၂၄
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ (၇၇) နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၂ ခုနှစ်၊ (၇၇) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ မိန့်ခွန်း ကောက်နုတ်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်း ကောက်နုတ်ချက်၊ တပ်မတော်၏ အစဉ် အလာကောင်း (၁၂)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်၏ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ ကာတွန်း ကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်းအရာများ ပါဝင်သည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင် (၂၅၆) စောင်ကို ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့် ဝေပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်