ကျောက်တံတားမြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ကျောက်တံတား မတ်၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် မြို့နယ် ရေးမှူးရုံး၊ ဌာန ဆိုင်ရာများနှင့် ကျောင်းသားကျောင်းသူများအား သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာ ကောင်း(၁၂)ရပ်၊ မိန့်ခွန်းကောက်နုတ်ချက်များနှင့် ကဗျာများ ထည့်သွင်းဖော်ပြထားပြီး ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်ဝေထားသည်။

လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်