သတင်းများ

စစ်ကိုင်းမြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားကျင်းပ
Apr 17,2022
စစ်ကိုင်းမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ(၅)နာရီက ဧရာ မြစ်ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့တွင် သီပေါချောင်းသာနှင့် မြစ်ကမ်းဘေးရေကစားရာ နေရာများသို့လာရောက်အပန်းဖြေ ရေကစားသူများ ပိုမိုများပြားလျက်ရှိ
Apr 17,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ မဟာသင်္ကြန်အတက်နေ့ ယမန်နေ့က သီပေါချောင်းသာဟုခေါ်တွင်သော ဒုဋ္ဌဝတီမြစ်ကမ်းဘေး ရေကစားရာနေရာနှင့် ဆွန်လန်းကျေးရွာရှိ ပန်းချယ်ရီ၊ စမ်းရေကြည်၊ Hsipaw Garden စသည့် မြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်နှင့် ရေကစားသည့်နေရာများတွင် လာရောက်ရေကစားအပန်းဖြေသူများ ပိုမိုများပြား လျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၃ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက် 
Apr 17,2022
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
တာမွေမြို့နယ်တွင် အသက်(၉၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲ အခမ်းအနား ကျင်းပ
Apr 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၄-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၅)နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့၌ မြသုခရုပ်ရှင်ရုံပြန်လည်ဖွင့်လှစ် ပြသ
Apr 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြသုခရုပ်ရှင်ရုံအား ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့မှစ၍ ရပ်ဆိုင်းထားခဲ့ရာ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့်သေဆုံးမှုနှုန်း သိသာစွာ ကျဆင်းလာခြင်းကြောင့် ပြည်သူများစိတ်အပန်းပြေကြည့်ရှုနိုင်ရန်အတွက် မြန်မာနှစ်ဆန်း တစ်ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲမှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်
Apr 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၏ ကျက်သရေဆောင် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော် မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်တော်၌ (၄၅၇)ကြိမ်မြောက် ရှမ်းရိုးရာဓလေ့ နှစ်ဦးသဲပုံစေတီ တည်ထားပူဇော်ပွဲကိုဧပြီ ၁၇ ရက် (မြန်မာ့ နှစ်ဆန်းတစ်ရက်နေ့) နံနက် ၄ နာရီမှ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော်ပွဲကျင်းပ
Apr 17,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ယနေ့နံနက်ပိုင်း၌ အန္တရာယ်ကင်း ပရိတ် တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် သက်ကြီးပူဇော် ကန်တော့ပွဲ ကျင်းပပြုလုပ်သည်။
ခမောက်ကြီးမြို့တွင် မဟာသင်္ကြန်အတက်နေ့၌ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူ
Apr 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ခမောက်ကြီးမြို့တွင်  မဟာသင်္ကြန်အတက်နေ့ ညနေပိုင်း၌ ခမောက်ကြီးမြို့ မြို့သူ၊ မြို့သားများက သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။