ပြင်စလူမြို့၌ မုန်တိုင်းရှောင် ပြည်သူများ မိမိနေရပ်ဒေသ အသီးသီသို့ ပြန်လည်ထွက်ခွာ

ပြင်စလူ မတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၌ မုန်တိုင်းရှောင် ပြည်သူများ ယမန်နေ့ နံနက် ၇နာရီအချိန်ခန့်မှ စတင်၍ အာစနီမုန်တိုင်း၏ အန္တရာယ်မှ ကင်းဝေးပြီဖြစ်သောကြောင့် မိမိနေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ပြင်စလူမြို့တွင် ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့်မှစ၍ လေပြင်းတိုက် ခတ်ခဲ့ရာ ညနေ ၆နာရီအချိန်ခန့်တွင် လေငြိမ်သက်ခဲ့ပြီး ပကတိအခြေ အနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သည်။ မုန်တိုင်း၏ အရှိန်ကြောင့် လူနေအိမ်အချို့ ပျက်စီးခဲ့သော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် မုန်တိုင်းရှောင် ပြည်သူများအား မိမိနေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာရာတွင် အခက်အခဲမရှိစေရေး ပူးပေါင်းအဖွဲ့ဝင်များက ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယောဧရာ မြို့(ပြန်/ဆက်)