ကျောက်ဆည် မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက် (၉) နာရီက မွေးစအရွယ်မှအသက်(၁၀)နှင့်အတွင်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာ၌ အပတ်စဉ်နေ့ရက်အလိုက် မွေးစအရွယ်တွင် အသည်းရောင်အဝါ(ဘီ)၊ (၂)လအရွယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၄)လအရွယ်တွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ - မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၆)လအရွယ်တွင် ပိုလီယို၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ (၉)လအရွယ်တွင် ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ (၁)နှစ်ခွဲအရွယ်တွင် ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ဝက်သက်ဂျိုက်သိုး၊ (၉)နှစ်အရွယ်နှင့်၁၀)အရွယ်တို့တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)