ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ရပ်ကွက်များအရောက် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး သွားရောက်ထိုးနှံပေး

ဒဂုံအရှေ့ မတ် ၂၄

ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျ စေရန်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ်(Covishield) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ၇ရပ်ကွက်ဒေသန္တရ ကျန်းမာရေးဌာနနှင့် လေးထောင့်ကန်ဆေး ထိုးစုရပ်(၂)နေရာခွဲ၍ ရပ်ကွက်နေပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆေးထိုးစုရပ်နေရာ အဖြစ်(၂)နေရာ သက်မှတ်၍ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒေသန္တရ ကျန်းမာရေးဌာနတွင်(၂၇)ဦး၊ လေးထောင့်ကန်ဆေး ထိုးစုရပ်တွင်(၉၉)ဦး စုစုပေါင်း(၁၂၆)ဦး တို့အနက်ထိုးနှံပေးခဲ့ရာ နို့တိုက်မိခင်(၅)ဦးပါဝင်ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှ ထိုးနှံ ပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်