ပိုင်ကျုံ မတ် ၂၄
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှအများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်း မှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့်ဒေသနေပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ်ငွေကျပ်(၂.၄၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ် (၂)ရပ်ကွက်၊ ပိတောက်လမ်းတွင် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းကို မတ်လ ၁၂ ရက်နေ့မှ စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၃ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။
အရှည်(၂၀)ပေ၊ အကျယ်(၃)ပေ(၆)လက်မ၊ထု(၃)ပေရှိ Box Culvertတည်ဆောက်ခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန် မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့စည်ပင်သာယာရေး အဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ်ကြီးကြပ် လျက်ရှိပြီး အဆိုပါလုပ်ငန်း ပြီးစီးပါက မြို့သာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွားရေးလာရေးအတွက် အဆင် ပြေပြီးဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)