ဘုတ်ပြင်း မတ် ၂၄
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လမ်းသွားလမ်းလာပြည်သူများ၊မြို့မဈေးနှင့်ကျောင်းသား/ကျောင်းသူများထံ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏အစဉ်အလာကောင်း (၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ ဆောင်းပါး၊ ဗိုလ်ချုပ် အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇွန်လဆန်း၌ ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးကြီးတွင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ (၂၇-၃-၂၀၂၁) ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာမှ စိုးမိုး(ပုသိမ်)ရေးသားသည့် နွေအလှကဗျာ၊ တပ်မတော်ဆောင်ပုဒ်များ စုံလင်စွာပါရှိသည့် လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများ၊ မြို့မဈေးနှင့် လမ်းသွားလမ်း လာ ပြည်သူများထံ(၂၅၆)စောင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)