မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့အထိမ်း အမှတ်သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

မန္တလေး မတ်၂၄

မန္တလေးခရိုင်၊ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ခရိုင်စာကြည့်တိုက်သို့ စာငှား၊ စာဖတ်လာရောက်သူများသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါ(၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာဆောင်းပါး၊ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း ကောက်နုတ်ချက်၊နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင်၏(၂၇-၃-၂၀၂၁) ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စိုးမိုး(ပုသိမ်)၏ နွေအလှကဗျာ၊ တပ်မတော်ဆောင်ပုဒ်များပါရှိကြောင်း သိရသည်။

မန္တလေးခရိုင်(ပြန်/ဆက်)