ပုလော မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်တွင် ပန်းအလှထိုးသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းအလှထိုးနည်းသင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က နွေရာ သီ ကျောင်းပိတ်ရက်အတွင်း ကျောင်းသား/သူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ ကျောင်းပြင်ပအတတ်ပညာများကို အသုံးချ တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါပန်း အလှဆင်နည်းသင်တန်းတွင် နည်းပြဆရာမ ဒေါ်ညိုညိုစန်းက ပန်းအိုးများဖြင့် ပန်းအလှထိုးနည်းကို လည်းကောင်း၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေမီလှိုင်က ရောင်စုံစက္ကူများ ပန်းပွင့်အလှဖော်နည်းများကိုလည်းကောင်း လေ့ကျင့် သင်ကြားပေးခဲ့ကြောင်း သိရ သည်။
အေးအေးမော်(ပုလော)