သတင်းများ

မိုးကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းများ သံဃာတော် များအား ဆန်၊ ဆီ၊ ဆေး၊ ဆားများ စုပေါင်းလှူဒါန်း
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရှိ ဝန်ထမ်းများက သံဃာတော် များအား ဆန်၊ ဆီ၊ ဆေး၊ ဆား စုပေါင်းလှူဒါန်းခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။၏
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Mar 24,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ ရပ်ကွက်နေပြည်သူများ သွားလာလမ်းတွင် ရေစီးရေလာကောင်းမွန်စေရန် Box Culvert ဆောင်ရွက်ပြီးစီး
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ ရပ်ကွက်နေ မိဘပြည်သူများ သွားရာ လမ်းတွင် ရေစီးရေလာကောင်းမွန်စေရန်နှင့် မိုးတွင်းအခါ ရေကြီး ရေလျှံမှုမရှိစေရန် ရပ်ကွက်(၆)ပတ်လမ်း၌ Box Culvert (၁)စင်းကို (၁-၃-၂၀၂၂)ရက်နေ့ စတင် ဆောင်ရွက်၍ (၂၃-၃-၂၀၂၂)ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရသည်။
မိုးကုတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ကိုဗစ်-ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား မြိုနယ်လုံးလွှမ်းခြုံနိုင်စေရန် ယခုလ မတ်လဆန်းမှစတင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊Vounteer များ စုပေါင်းကာ Mobile Team အဖွဲ့( ၆ )ဖွဲ့ဖွဲ့စည်းပြီး  မြို့ပေါ်နှင့်ကျေးရွာများတွင် စုရပ်များ သတ်မှတ်၍ အရှိန်အဟုန်မြင့်ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြဝတီမြို့တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို အသိပညာပေး (Talk Show) ကျင်းပ
Mar 24,2022
မတ်၂၇ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြို အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီမြို့နယ် စာရေးဆရာအသင်းတို့ ပူးပေါင်းကာ ယနေ့နံနက် ၁၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
မင်းလှမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မင်းလှ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
တောင်ကြီးမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Mar 24,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယမန်နေ့ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တောင်ကြီးမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင် များကို ယမန်နေ့နံနက် ၁၀နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။