သတင်းများ

သထုံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကျင်းပ
Mar 24,2022
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
ဟင်္သာတမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စုများအား ဆန်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးများ‌ ထောက်ပံ့ပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်  မွေးလုံးကျေးရွာအုပ်စု၊ မွှေးလုံး ကျေးရွာ၌ (၂၂.၃.၂၀၂၂)  ရက်နေ့တွင် ဖြစ်ပွားခဲ့​သော  လေ​ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ  (၁) လုံးအတွက် အိမ်​ဆောက်ပစ္စည်းရန်ပုံ​ငွေ (၅၀၀၀၀)၊ လူဦး​ရေ (၅)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံ​ငွေ (၁၀၅၀၀)၊ စုစုပေါင်းရန်ပုံငွေ (၆၀၅၀၀)၊  Surgical Masks (၁၀)ခု တို့ကိုလည်း ကောင်းဘေးချောင်ကျေးရွာအုပ်စု၊ ထုံးဖွတ်ကုန်းကျေးရွာ၌ (၂၃.၃.၂၀၂၂)  ရက်နေ့တွင် ဖြစ်ပွားခဲ့သော  လေဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ  (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၀၀၀၀)၊လူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၈၄၀၀)၊ စုစုပေါင်း ရန်ပုံငွေ (၆၈၄၀၀) နှင့် Masks (၈)ခုတို့ကို လည်းကောင်း၊ ယမန်နေ့ ညနေပိုင်းက ဘေးသင့်ပြည်သူများထံ​သို့ သွားရောက်ထောက်ပံ့​ ပေးအပ်ခဲ့ပါသည်။
တပ်ကုန်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရှားတောကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကျေးရွာကုန် ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို မတ်လ၂၄ရက် နံနက် ၁၀နာရီက အဆိုပါကျေးရွာကုန်ထုတ်လမ်း မုဒ်ဦးရှေ့၌ ကျင်းပသည်။
ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမ အသုတ် (ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ဆက်လက်ထိုးနှံ
Mar 24,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများအား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ် နေရာများတွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေး လျက်ရှိသည်။
အိမ်မဲမြို့နယ်တွင် မုန်တိုင်းအန္တရာယ်ကင်းရှင်းသွားပြီဖြစ်၍ ဌာနဆိုင်ရာရုံးများတွင် သန့်‌ရှင်းရေးများ ဆောင်ရွက်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ  ရုံးဌာနဆိုင်ရာများတွင် မုန်တိုင်းကင်းစင်သွားပြီဖြစ်၍ ယမန်နေ့နံနက် ၁၁နာရီအချိန်က ရုံးသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ကျောင်းသား​ကျောင်းသူ၊ လူငယ်များအသိပညာဗဟုသုတ ဉာဏ်ပညာတိုးတက်​စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုး​​စေရန် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Mar 24,2022
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်သူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ် လူရွယ် ကျောင်းသား​ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်​​စေရေး၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်အတွင်းရှိ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် လူငယ်​ရေးရာဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ် ရေးရာ အသိပညာပေး ဟောပြောပွဲကို ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ်လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ​ရောဂါကာကွယ်​ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပ သည်။
မကွေး၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ  ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။