ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၂)ဖွင့်လှစ်

ဒဂုံမြောက် နိုဝင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ပင်လုံလမ်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေ့နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၁)ဗိုလ်မှူး‌ ကျော်သူက အဖွင့်အမှာစကားပြောကြားရာ “အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးလုပ်ငန်းများ၊ မီးသတ်တပ်ဖွဲ့ဥပဒေ၊ နည်းဥပဒေများအား ကျွမ်းကျင်တတ်မြောက်စေရန်အတွက် သင်တန်းမှပို့ချသည့် စာတွေ့လက်တွေ့ပို့ချသည့် သင်ခန်းစာများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ သင်တန်းမှပို့ချသည့် ဘာသာရပ်များဖြင့် မိမိရပ်ရွာအကျိုး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆထက်ထမ်းပိုးဆောင်ရွက်သွားကြရန်”ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ထွန်း‌အောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းလေ့ကျင့်ရေးအစီအမံများ၊ သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲဝင်(၂)မှ အရန်မီးသတ်သင်တန်းသားများအတွက် မီးသတ်တပ်ဖွဲ့ဝတ်စုံများ ပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ သင်တန်းတွင် အခြေခံစစ်ရေးပြဘာသာရပ်၊ မီးလောင်မှုသဘောတရားမျာ၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ အဆင့်မြင့်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများဖြင့်လေ့ကျင့်ခြင်းစသည့် ဘာသာရပ်များကို သင်တန်းနည်းပြ(၅)ဦးဖြင့် သင်တန်းသား(၅၀)ဦးတို့အား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ