ကော့မှူး၌ ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Mar 24,2022
ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများအတွက် အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်၉နာရီက ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၌ ဒေသခံ ပြည်သူများအား ဆန်၊ဆီ၊ကြက်ဥများအား ဈေးနှုန်း သက်သာစွာ လာရောက်ရောင်းချပေးနေ ကြောင်း သိရသည်။