တံတားဦးမြို့တွင် “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့သို့ အလှူငွေများလာရောက်လှူဒါန်း

တံတားဦး နိုဝင်ဘာ ၁

တံတားဦးခရိုင် တံတားဦးမြို့ “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့သို့ စေတနာရှင်၊ အလှူရှင်များမှ အလှူငွေများကို ကုဋီသန့်ရှင်းရေးအဖွဲ့ဝင်များထံသို့ အသီးသီးလာရောက်လှူဒါန်းကြကြောင်း သိရသည်။

အလှူငွေများလာရောက်လှူဒါန်းရာတွင် တံတားဦးမြို့ ရွှေဗဟိုရ်ကဖေးနှင့်အအေးဆိုင် မိသားစု ၊ မန္တလေးမြို့ ဦးအောင်ဦးမိသားစုနှင့် တံတားဦးမြို့ တောင်ဘီလူရပ် ဦးညီထွေး + ဒေါ်အေးစုလှိုင် မိသာစုတို့မှ အလှူငွေကျပ်(၁)သိန်းစီကိုလည်းကောင်း၊ တံတားဦးမြို့ သမဝါယမအသင်းစုမှ အလှူငွေ(၅)သောင်းကျပ်၊ တံတားဦးမြို့၊ တံတားဦးမြို့နယ် တောင်တွင်းကြီး(ခင်ကြီးပျော်) ဘုန်းတော်ကြီးကျောင်း ဆရာတော် ဥူးသုမန၊ တံတားဦးမြို့နယ် အောင်ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းဆရာတော်၊ တံတားဦးမြို့ ဦးအေးလင်းထက်+ ဒေါ်သဉ္ဇာလီဝင်း မိသားစု၊ ဦးညွန့်သန်း + ဒေါ်နွယ်နီဝင်း (ဟိန်းထက်အောင်-ဆန်ရောင်းဝယ်ရေး) မိသားစု ၊ ဦးဌေး + ဒေါ်ဧကရီဇော် (ကားဝပ်ရှော့) မိသားစု ၊ တံတားဦးမြို့ မှော်ကွန်းရပ် ဦးသက်နိုင်ထွန်း + ဒေါ်ခင်စန်းဝင် မိသားစု ၊ တံတားဦးမြို့ မှော်ကွန်းကဖေး မိသားစု ၊ ဦးကောင်းဆက်ထွန်း + ဒေါ်အိအိထွေး မိသားစုတို့မှ အလှူငွေကျပ် (၃)သောင်းစီကိုလည်းကောင်း၊ ဦးဝေလွင် + ဒေါ်သဇင် (ဝေလွင်လွင် အသံချဲ့စက်- Electronic နှင့်အထည်ဆိုင်) မိသားစုမှ အလှူငွေကျပ်(၃)သောင်းနှင့် ဒို့လက်များအဖွဲ့အတွက် တူညီပုဆိုး(၁၅)ထည်ကိုလည်းကောင်း အသီးသီးလာရောက်လှူဒါန်းကြကြောင်း သိရသည်။

ကျွန်တော်တို့ “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့ဟာ ဆရာတော်၊ သံဃာတော်များ အေးချမ်းစွာသီတင်းသုံးနိုင်ရေး၊ တရားဘာဝနာပွားများနိုင်ရေးနှင့် စာပေသင်ကြားနိုင်ရေးတို့အတွက် မြို့ပေါ်ဘုန်းတော်ကြီးကျောင်း(၃၁)တွင် အပတ်စဉ် စနေနေ့တိုင် ကုဋီသန့်ရှင့်ရှေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဆရာတော်၊ သံဃာတော်များလျှင် တစ်ပတ်ကို ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ ဆရာတော်သံဃာတော်များလျှင် တစ်ပတ်ကို ဘုန်းတော်ကြီးကျောင်း(၅)ကျောင်းအထိ ကုသိုလ်ယူဆောင်ရွက်ပါတယ်၊ ယခုလိုအလှူငွေများ လာရောက်လှူဒါန်းကြခြင်းဟာ ကျွန်တော်တို့အသင်းကြီး (၃)နှစ်ပြည့်အခမ်းအနားကျင်းပ နိုင်ခဲ့ပြီး ကုဋီသန့်ရှင်းရေးအတွက် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရေးတို့အတွက် လာရောက်လှူဒါန်းဖြစ်ကြောင်း ကျွန်တော်တို့ “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့သို့ စေတနာရှင်အလှူရှင်များမှ လှူငွေများနှင့် သုံးအဆောင်ပစ္စည်းများ လှူဒါန်းလိုပါက “ဒို့လက်များ” ကုဋီသန့်ရှင်းရေးအဖွဲ့အတွင်းရေးမှူး ဦးသန်းစိုးဝင်း ဖုန်း-၀၉-၄၃၀၉၉၁၂၈ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အတွင်းရေးမှူး ဦးသန်းစိုးဝင်း၏ပြောကြားချက်အရ သိရသည်။

ရဲတင့်