သတင်းများ

ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 01,2022
မီးဘေး၊ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့လာပါက မီးငြိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး အချိန်နှင့်တပြေးညီ လျှင်မြန်စွာ ကယ်ဆယ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကမာရွတ်မြို့နယ် အမှတ်(၅)ရပ်ကွက် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်
Nov 01,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဌာနတို့ပူးပေါင်း၍  သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန်က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် တောင်သူများအား ယူရီးယားဓါတ်မြေဩဇာကို ဈေးနှုန်းချိုသာစွာဖြင့် တတိယအကြိမ် (၇၄၇) အိတ်ဖြန့်ဝေပေးခဲ့
Nov 01,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေကြသည့် တောင်သူများ အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ယနေ့ နံနက်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (တတိယ) အကြိမ်အဖြင့် တောင်သူ (၄၂၀) ဦးတို့အား ယူရီးယား ဓါတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ငပုတောမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Nov 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ​ဆွေး​နွေးပွဲအခမ်း အနားကို ယနေ့ နံနက် (၉)နာရီက ငပု​တောမြို့ အခြေခံပညာ အထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 01,2022
မြို့နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်စေရန် အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စီစဉ်ကြီးကြပ်၍ ယနေ့ နံနက် (၉) နာရီတွင် ပန်းဘဲတန်းမြို့နယ် အထက-၁ ကျောင်း၌ ကျင်းပသည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်း လုပ်ငန်းဆောင်ရွက်
Nov 01,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန် မြင့်မား‌စေရန်ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ရုံး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရုံးများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်ငှားရမ်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ
Nov 01,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခွဲက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကဝမြို့နယ် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ
Nov 01,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အမှတ်(၅)ရပ်ကွက် ရုံးကျောင်း၊ ကျောင်းတိုက်၌ ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။