သတင်းများ

ဒေးဒရဲမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီခွဲက လေပြင်းတိုက်ခတ်ခြင်းနှင့် ရေလှိုင်းရိုက်ခတ်မှုကြောင့်  တိုးကျေးရွာနှင့် ဆားကျင်းကျေးရွာတို့ရှိ လူနေတဲအိမ်အချို့ အမိုးလန် ပျက်စီးခဲ့သဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လှည့်ကင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း ပြည်သူများ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ယမန်နေ့ ညပိုင်းတွင် လှည့်ကင်းများနှင့် ဧည့်စာရင်းစစ်ဆေးခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ပေါ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား  တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်တွင် ၂၀၂၁ -၂၀၂၂ ‌ဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် ခရိုင်/မြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၍ ပျက်စီးသွားသော လူနေအိမ် (၂)လုံးအား ထောက်ပံ့ငွေများပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မတ်လ ၂၂ ရက်နေ့၌ မိုးသက် လေပြင်း တိုက်ခတ်မှုကြောင့်  အမိုးလန်၍ ပျက်စီးသွားသော လူနေအိမ် (၂) လုံးတို့အား ယနေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ငွေများ သွားရောက်ပေးအပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မဈေး၊ ယာယီပျံကျ ဈေး၊ အခြေခံပညာကျောင်းများ၊ တက္ကဆီဂိတ်များတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
၂၀၂၂ခုနှစ်၊ မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် (၁၀)နာရီက ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ရာနှုန်းပြည့်ထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိ
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များအလိုက် ယနေ့နံနက် ၉ နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး
Mar 24,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် (Omicron) ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့များက ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံထားပြီးသော ပြည်သူများ(၃၅၀)ဦးအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ထိုးနှံပေးလျက်ရှိသည်။