ကရသူရိမြို့ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များပြသ

ကရသူရိ နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအေင်ပွဲနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များကို ယမန်နေ့မွန်းလွဲ ၃ နာရီက ပြသခဲ့သည်။

အမျိုးသားအောင်ပွဲနေ့သည် မြန်မာတို့ နယ်ချဲ့အင်္ဂလိပ်လက်အောက်၌ နှစ်ပေါင်း(၁၀၀)ကျော် ကျွန်ဘဝဖြင့်နေထိုင်ခဲ့ရသဖြင့် သူ့ကျွန်ဘဝမှလွတ်မြောက်ရန် စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ရေးကိုအရယူခဲ့သည့် အမျိုးသားရေးစိတ်ဓာတ်အခြေခံကို မွေးဖွားနိုင်သည့် “အမျိုးသားနေ့” ဖြစ်ကြောင်း ထို့နေ့ကို ကျောင်းသား/သူများ သိရှိနားလည်ပြီး မျိုးချစ်စိတ်ဓာတ်နှင့် အနာဂတ်သားကောင်းရတနာများပေါ်ထွန်းစေရေး ပညာပေးပြသခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ မူတန်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများ တက်‌ရောက်ကြပြီး အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသည့် နံရံကပ်စာစောင်များ၊ ပိုစတာများနှင့် ရုပ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြသည်။

မြို့နယ် (ပြန်/ဆက်)