ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၂)ဖွင့်လှစ်

ရန်ကုန်    နိုဝင်ဘာ     ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို မြို့နယ်မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမတွင် ယနေ့နံနက် ၈ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မင်းအေးက အဖွင့်အမှာစကားပြောကြားရာ “အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ပညာရပ်များနှင့် ကယ်ဆယ်ရေးပညာရပ်များအား ကျွမ်းကျင်တတ် မြောက်စေရန်အတွက် သင်တန်းမှပို့ချမှုများကို ကြိုးစားသင်ယူကြစေလိုကြောင်း၊ မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်များဖြစ်သည့် မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရေးစသည့်လုပ်ငန်းများကို ဆောင်ရွက်သွားကြစေလိုကြောင်း” ပြောကြားခဲ့ပါသည်။  ထို့နောက် မြို့နယ်ရဲတပ်မှူး ရဲမှူးထွန်းနေဝင်းက အမှာကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ထူးချွန်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းလေ့ကျင့်ရေးအစီအမံများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များအား တာဝန်ရှိသူများက ယူနီဖောင်းများ ပေးအပ်ခဲ့ကြသည်။ သင်တန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရက်သတ္တပတ် ၄ ပတ်ကြာဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး အပိုင်း(၂)ပိုင်းခွဲ၍ စာတွေ့လက်တွေ့သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းတွင်ပို့ချမည့် ဘာသာရပ်များမှာ အခြေခံစစ်ရေးပြဘာသာရပ်၊ မီးလောင်မှုသဘောတရားမျာ၊ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ အဆင့်မြင့်မီးငြှိမ်းသတ်ရေး ပစ္စည်းကိရိယာများဖြင့်လေ့ကျင့်ခြင်းစသည်တို့ကို သင်ကြားပြသသွားမည်ဖြစ်ရာ သင်တန်းသား ၅၀ ဦးတို့က တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)