ညောင်လေးပင် နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက်(၉:၃၀)အချိန်က အရန်မီးသတ်လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်မှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးကိုကိုဌေးမှ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်၊ သင်တန်းစည်းကမ်းနှင့် သင်ကြားမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားရာတွင် သင်တန်းသားများ အနေဖြင့် မီးမလောင်စေချင်သောစိတ်၊ လောင်တဲ့မီးကို အမြန်ငြှိမ်းသတ်သေလိုသောစိတ်၊ သန္ဓေ၊ အရန်မခွဲပဲ ဆောင်ရွက်သွားရန်၊ မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှုတန်ဖိုးများ လျှော့ချနိုင်ရေး မီးသတ်အသိပညာများ ပြည်သူအတွင်းသို့ စိမ့်ဝင်ပျံ့နှံ့ရေး၊ တပ်ဖွဲ့ဝင်များ မီးသတ်စွမ်းရည်ထက်မြက်စေရန်အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မီးသတ်ပညာ၊ လက်နက်မဲ့စစ်ရေးပြပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာရပ်များကို နည်းပြ(၅)ဦးဖြင့် စာတွေ့လက်တွေ့သင်ကြားပြသသွားမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်စခန်းတာဝန်ခံ ဦးစီးအရာရှိ ဦးကိုကိုဌေးနှင့် တပ်ဖွဲ့ဝင်များနှင့် သင်တန်းသား(၅၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလအနေဖြင့် (၁-၁၁-၂၀၂၂) ရက်နေ့မှ(၂၅-၁၁-၂၀၂၂)ရက်နေ့ထိ (၂၅)ရက်ကြာ သင်ကြားပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်