သတင်းများ

တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဝက္ကသေးကျေးရွာတွင် လျှပ်စစ်မီးလင်းရေး အောင်ပွဲ အခမ်းအနား တက်ရောက်ဖွင့်လှစ်
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးအုပ်စု၊ ဝက္ကသေးကျေးရွာတွင် လျှပ်စစ်မီးလင်းရေး ကော်မတီမှ လျှပ်စစ်မီးလင်းခြင်း အထိမ်းအမှတ် အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပသည်။
မလှိုင်မြို့၌(၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ သတင်းစကားလက်ကမ်းစာစောင် များကို  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းနှင့် ဝန်ထမ်းများက  ယမန်နေ့က မြို့ပေါ်ရှိ ဌာနဆိုင်ရာများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၁/၂၀၂၂ ဘဏ္ဍာနှစ်  (Mini Budget) တွင် အသက်မွေးဝမ်း ကြောင်းသင်တန်း အကြိမ် (၃၀) ဖွင့်လှစ်နိုင်ခဲ့
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး တိုင်းကျေးလက်ဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ကျေးလက်နှင့် မြို့ပြရှိ အခြေခံလူတန်းစားများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်ရန် သာမက မိမိတို့အိမ်တွင် မိသားစုဝင်ငွေရရှိစေရန်အတွက် အသက်မွေးဝမ်းကြောင်း အထောက် အကူပြု သင်တန်းများဖွင့်လှစ် ပေးခဲ့ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 
မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးရာနှုန်းပြည့်ထိုးနှံနိုင်ရေး Mobile ပူးပေါင်းအဖွဲ့မှ မြို့အဝင်အထွက်ဂိတ်တွင် စစ်ဆေး
Mar 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရန်ရေး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်အရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီး/မပြီး၊ ဆေးထိုးပြီးကြောင်းသက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင် အထွက်ဂိတ်တွင် ရှောင်တခင် စစ်ဆေးခြင်းကို ယနေ့ နံနက် ၆နာရီခွဲကစတင်ပြီး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားသတ္တမအသုတ်ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Mar 24,2022
မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအား သတ္တမအသုတ် ပထမ အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စ၍ မြို့နယ်မိခင် ကလေးဌာန၊ သုခချမ်းသာကျန်းမာရေး စောင့်ရှောက်မှု နှင့်လူမှုအထောက်အကူပြုအသင်းနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စာဖတ်ဝိုင်းနှင့် ဆွေးနွေးပွဲကျင်းပ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ အပတ်စဉ်ကျင်းပပြုလုပ်သည့်   စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယမန်နေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဦးဝင်းရှိန် (လက်ထောက်ညွှန်ကြားရေးမှူး)မှ စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အလေ့ အထကောင်းတစ်ရပ်အနေနှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှေးဦးစွာပြောကြားသည်။
စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်
Mar 24,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင်  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်ရှိ/မရှိစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသူများအားကာကွယ် ဆေးထိုးနှံပေးခြင်းကို စဉ့်ကူးမြို့ အဝင်အထွက်ဂိတ်နှင့် မြို့တွင်းအဝိုင်းပတ်နေရာတို့တွင် ယနေ့နံနက်ပိုင်းအချိန်မှ ညနေပိုင်းအချိန်ထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်
Mar 24,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လေထု ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက်ပို်င်းက ကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။