ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ပင်လောင်း နိုဝင်ဘာ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ် အသိပညာ​ပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အ​​ရှေ့ရပ်တွင် ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဟောပြေပွဲတွင် အလက(ခွဲ) အ​ရှေ့ရပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်သွယ်လင်းက အမှာစကားပြောကြားပြီး၊ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းက အမျိုးသားနေ့ ​ဖြစ်ပေါ်လာပုံအကြောင်းများ ဟောပြောခဲ့ကြသည်။

ထိုနောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသား နေ့နှင့်ပတ်သက်သက်သည့် အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသား ခေါင်းဆောင်များ၏ အမည်စာရင်းများ၊ ဆောင်းပါး၊ ကဗျာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)