တောင်သာ နိုဝင်ဘာ ၁
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည် များကို ဆွေးနွေးမေးမြန်းပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်နီလာစိုးမှ ဆွေးနွေးရာတွင် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက်ပြုလုပ်ရန်အချက် စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)