မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာဆရာဆရာမများအတွက် ဝတ်စုံများထောက်ပံ့ပေးအပ်

မိတ္ထီလာ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ အခြေခံပညာဆရာဆရာမများအား ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က မိတ္ထီလာတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာဆရာများ တက်ရောက်ခဲ့ကြောင်း ကြကြောင်းသိရသည်။

အခမ်းအနားတွင် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထိုသုံးပါးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင်  နိုင်ငံတော်မှ ရှေ့လုပ်ငန်းစဉ် (၅) ရပ် ဦးတည်ချက်(၉)ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးအရအဖွဲ့မှ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ တိုင်းဒေသကြီးအတွင်း ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးကဏ္ဍများတွင် ပံ့ပိုးပေးနေပကြောင်း၊ ကျောင်းသားကျောင်းသူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေပျော်၍ စိတ်ဓာတ်မြင့်မား တက်ကြွ စေရေးတို့အတွက် ဆရာဆရာမများ ကျောင်းသားကျောင်းသူများ၏ အခက်အခဲများကို ဖြေရှင်းပေး နိုင်စေရေး လာရောက်ခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာမြို့ နယ်အတွင်းရှိ ဆရာ ဆရာမ ၂၅၉၄ ဦးကိုလည်းကောင်း၊ မလှိုင်မြို့နယ်အတွင်းရှိ ဆရာဆရာမ ၁၄၉၉ ဦးအားလည်းကောင်း၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ဆရာဆရာမ ၁၅၉၈ ဦးတို့အား လည်းကောင်း ဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာဆရာမ များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့ရာ မိတ္ထီလာခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးက လက်ခံယူခဲ့ပြီး ဆရာ ဆရာမများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက ဇာတိမှန် သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သီဆိုဖျော်ဖြေခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ချီးမြှင့်ငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)