သာစည် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် ကြက်မောက်-ဇီးတောလမ်း ကျောက်ချောလမ်း ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကြက်မောက်-ဇီးတောလမ်းသည် ကျောက်ချောလမ်း ၁/၂မိုင်နှင့် မြေသားလမ်း ၂/၄မိုင် စုစုပေါင်းလမ်းမိုင်အရှည် ၃/၆ မိုင်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(သာမာန်) ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ရန်ပုံငွေ (၂၃.၄၀)သန်းဖြင့် ကျောက်ချောလမ်းပြုပြင်ခြင်းလုပ်ငန်း၁/၂မိုင် ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၁၅ ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ရာ ကျောက်ချောလမ်းပြုပြင်ခြင်း လုပ်ငန်းရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကြက်မောက်-ဇီးတောလမ် ကျန်ရှိနေသည့် မြေသားလမ်းအပိုင်းကို ဘဏ္ဍာရေးနှစ် အလိုက် ရန်ပုံငွေလျားထား၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၁၀၈၄ အိမ်၊ လူဦးရေ ၄၃၀၈ ဦး တို့၏ စီးပွားရေး လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် ရာသီမရွေး အဆင်ပြေချော့မွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနထံမှ သိရသည်။
မြို့နယ်ပြန်/ဆက်