မြစ်သားမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မြစ်သား နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပညာရေးမှူးရုံးမှကြီးမှူးဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် Grade-5 စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါ ပညာရေးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြစ်သားမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးနိုင်အေးက ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျသင်ကြားပို့ချရမည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ဦးလပြည့်ထွန်း(လ/ထမူပြ)မှ မြန်မာဘာသာရပ်ဆိုင်ရာ သင်ရိုးများ၊ မေးခွန်းပုံစံများနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ ဒေါ်ငြိမ်းငြိမ်းအိ (မူအုပ်)မှ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာသင်ရိုးများ၊ မေးခွန်းပုံစံများနှင့် အမှတ်ပေးစည်းမျဉ်း စည်းကမ်းများကိုလည်းကောင်း၊ ဦးစည်သူဖြိုး(လ/ထမူပြ)မှ သင်္ချာဘာသာရပ်ဆိုင်ရာ သင်ရိုးများ၊ မေးခွန်းပုံစံများနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများကိုလည်းကောင်း၊ ဒေါ်အိမွန်ပိုင်(ဒု-မူပြ)မှ သိပ္ပံဘာသာရပ်ဆိုင်ရာသင်ရိုးများ၊ မေးခွန်းပုံစံများနှင့် အမှတ်ပေးစည်းမျည်းစည်းကမ်းများကိုလည်းကောင်း၊‌ ဒေါ်ရွှေစင်ဥ(ဒု-မူပြ)မှ လူမှုရေးဘာသာရပ်ဆိုင်ရာသင်ရိုးများ၊ မေးခွန်းပုံစံများနှင့် အမှတ်ပေးစည်းမျဉ်းစည်းကမ်း များကိုလည်းကောင်း အသီးသီးသင်ကြားပို့ချခဲ့ရာ တက်‌ရောက်လာကြသော ဆရာ၊ ဆရာမများကလည်း ပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းပေါင်း(၁၈၄)ကျောင်းမှ ကျောင်းဆရာ၊ ဆရာမစုစုပေါင်း(၃၀၀)ဦး တက်‌ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သီတာအောင်(မြစ်သား)