သတင်းများ

ဗန်းမော်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ မြညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟိုပုံးမြို့နယ်၌ တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Mar 24,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန် က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
သိန္နီမြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်)မှ ထုတ်ဝေသော မတ်လ(၂၇)ရက်နေ့၌ ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၊ မြို့မစျေးကြီး အတွင်း၊ ဌာနဆိုင်ရာများနှင့် စာချစ်သူများထံသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကျင်းပ
Mar 24,2022
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အတွင်းရှိ ကေ့ထျိုးဘိုးဂေါပကအဖွဲ့၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန် က ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 24,2022
လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားတိုးတက်ရေးနှင့် စာပေမှရသော အသိပညာဗဟုသုတများအား အသုံးချတက်စေရန် တစ်ဦးနှင့်တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များ မျှဝေတက်စေရန် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀နာရီက စာပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စု (၁၈)စုအား ထောက်ပံ့ရေး ပစ္စည်းများပေးအပ်
Mar 24,2022
ရခိုင်ပြည်နယ်၊ ​ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အမှတ်(၃) စျေးရပ်ကွက် အောက်ကျင်းမှ မီးဘေးသင့်အိမ်ထောင်စု(၁၈)စုအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့ထောက်ပံ့သော ထောက်ပံ့ရေးပစ္စည်းများပေးအပ်ပွဲကို မီးလောင်မှုဖြစ်ပွားသည့်နေရာ၌ ယနေ့ နံနက်(၁၀) နာရီအချိန်က ပြုလုပ်ခဲ့သည်။
အမာမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ဌာနဆိုင်ရာရုံးများ၊ စျေးဆိုင်များ၊ မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မိုးညှင်းတက္ကသိုလ်၌ ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းပတ်ဝန်းကျင် မူးယစ်ဆေးဝါး ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 24,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် (ပထမပညာ သင်ကာလ) တွင် ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ကျောင်းပတ်ဝန်းကျင် မှုယစ်ဆေးဝါး ကင်းစင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီခွဲက ရတနာခန်းမ၌ ကျင်းပခဲ့သည်။