ကျောက်ဆည် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီမှ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက တစ်မျိုးသားလုံး ကျန်းမာရေး၊ လူထုအားကစားလှုပ်ရှားမှုနှင့် အားကစားပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် အသိပညာပေးဟောပြောပွဲနှင့် အားစကားပစ္စည်းများပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အ.ထ.က-၃ ကျောင်းသား/ကျောင်းသူများက မြန်မာ့ကျောင်းသီချင်း၊ Fitness Dance အကများဖြင့် သရုပ်ပြဖျော်ဖြေခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်မိုးဝင်းက အားကစားတစ်မျိုးမျိုး ပြုလုပ်ခြင်းဖြင့် ကာယပိုင်း၊ ဉာဏပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်စေခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ခြင်းရောဂါများ ဖြစ်ပွားစေခြင်းမှလျော့ကျခြင်း၊ စိတ်ဖိစီးမှုလျော့နည်းစေပြီး အရိုးနှင့်ကြွက်သားများ သန်မာစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားစကားမှူး ဦးဝေမင်းဟိန်းက ၂၀၂၂-ခုနှစ် အသက်(၂၅)နှစ်အောက် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား၊ ပြေး ၊ခုန်၊ ပစ် လူရွေးချယ်ပြိုင်ပွဲနှင့် နိုင်ငံတော်မှဖွင့်လှစ်ထားသည့် အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းသား ရွေးချယ်ခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အ.ထ.က(၁)၊ (၂)၊ (၃)၊ (၄)နှင့် အ.ထ.က မြို့မကျောင်းများသို့ အားကစားပစ္စည်း (၃၀)မျိုးပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများအား အားကစားပစ္စည်းများ မဲဖောက်ပေးခဲ့ ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)