ကန်ကြီးထောင့်မြို့နယ်တွင် စားသုံးသူရေးရာ အသိပညာပေး (Talk Show) ဆောင်ရွတ်

ကန်ကြီးထောင့် နိုဝင်ဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီး ဌာန (Community  Centre) ခန်းမတွင် စားသုံးသူရေးရာအသိပညာပေး (Talk Show) အား နိုဝင်ဘာလ (၁) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆွေးနွေးရာတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာဦးနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးမြင့်နိုင်ထွန်းတို့က ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင် ပမာဏ၊ ထားသို သိမ်းဆည်းပုံ၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့် ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များနှင့် စားသုံးသူအခွင့်အရေး (၈)ချက်တို့အား အသေး စိတ်ဆွေးနွေးခဲ့ကြ​သည်။

ကန်ကြီးထောင့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် စာပေဗဟုသုတများ ရရှိစေရေးအတွက် online မှတဆင့် ယခုကဲ့သို့ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ အသိပညာပေး (Talk Show) များရိုက်ကူးထုတ်လွှင့်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ဆောင်းပါး များ တင်ဆက်ခြင်းနှင့် စက္ကူဖြင့် အရုပ်ခေါက်ခြင်းများအား အခါအားလျော်စွာ ရိုက်ကူးထုတ်လွှင့်လျက် ရှိကြောင်း သိရသည်။

မဇင် (ပြန်/ဆက်)