သတင်းများ

ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကား
Apr 18,2022
၁၃၈၄ ခုနှစ်၊     မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ ၁၇ ရက်နေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေး နေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့်အခါအားလျော် စွာ ထားဝယ်မြို့၏ အထင်ကရ တစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီး၌ ယမန်နေ့ညနေ့ပိုင်းတွင် ကုသိုလ်ကောင်းမှုပြု ကြသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
သိန္နီမြို့နယ်တွင် အသက်(၁၅)နှစ်နှင့်(၁၈)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးSinovac ထိုးနှံ
Apr 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း အသက်(၁၅)နှစ်နှင့်(၁၈)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့မှ စတင်ထိုးနှံပေး လျက်ရှိသည်။
အသက် (၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများကို ကိုဗစ်-၁၉ကာကွယ်ဆေး ညောင်ရွှေ၌ ထိုးနှံ
Apr 18,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း အသက် (၁၅)နှစ်မှ (၁၈)နှစ်အတွင်းရှိသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ညောင်ရွှေမြို့ရှိ ပရိယတ္တိစာသင်တိုက် များမှ သံဃာတော်များကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ ရေကန်များ ကန်ဆယ်၊ ကန်ဆင့်ခြင်းများဖြင့် နှစ်ဦးကုသိုလ်ပြုလုပ်မှု များနေ
Apr 18,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦမြို့နယ်၌ မြို့ပြ၊ကျေးလက်ဒေသများတွင် မြန်မာ နှစ်ဦး ကုသိုလ်အဖြစ် နှစ်ဆန်း ၁ ရက်နေ့နှင့်နှစ်ဆန်း ၂ ရက်နေ့တို့တွင် ရေကန်များ၌ ကန် ဆယ်ခြင်း၊ ကန်ဆင့်ခြင်းများဖြင့်နှစ်ဦးကုသိုလ်ပြုလုပ်မှုများလျက်ရှိကြောင်းသိရသည်။
ကျိုင်းတုံ၌ ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲများ ကျင်းပ၍ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်
Apr 18,2022
၁၃၈၄ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်၊ ယမန်နေ့နံနက် ၇ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ကျိုင်းဖောင်းရွာရှိ ကျိုင်းဖောင်းချောင်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ ကျင်းပရာ ကျိုင်းတုံမြို့ သီလဓမ္မဓမကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘန္တဒ္ဒ ကောဝိဒ(ဝစီပိတ်) ကြွရောက်၍  ဇီဝိတဒါနကုသိုလ်ပြုလုပ်ကြောင်း သိရသည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ တနင်္သာရီမြို့ ဘိုးဘွာရိပ်သာရှိသက်ကြီးဘိုးဘွား (၃၈) ဦးအား လှူဒါန်းပူဇော်ပွဲပြုလုပ်
Apr 18,2022
၁၃၈၄ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် အနန္တောအနန္တငါးပါးအား ဦးထိပ် ထား၍ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသော သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့ ဧပြီလ ၁၇ ရက်နေ့
ကျုံပျော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ စာသင်တိုက်များနှင့် သံဃာတော် များသော ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများဆက်ကပ် လှူဒါန်း
Apr 18,2022
မြန်မာတို့၏ ၁၃၈၄- ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ကုသိုလ်‌ မင်္ဂလာယူသောအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ မြို့နယ် အတွင်းရှိ စာသင်တိုက်များနှင့် သံဃာတော်များသော ကျောင်းတိုက်များသို့ ဆွမ်းဆန်တော်၊ ဆီနှင့် အလှူငွေများဆက်ကပ် လှူဒါန်းခြင်းကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သော ဧပြီ ၁၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကရသူရိမြို့တွင် တစ်နိုင်တစ်ပိုင် ကွမ်းရွက်စိုက်ပျိုးရောင်းချမှုကြောင်း မိသားစုအပိုဝင်ငွေရရှိ
Apr 18,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင်တစ်နိုင်တစ်ပိုင် ကွမ်းရွက်စိုက်ပျိုး ရောင်းချမှုကြောင်း မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။