သတင်းများ

လဲချားတွင် မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Nov 02,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ် အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေး
Nov 02,2022
၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်အထွေထွေအုပ်အုပ်ချုပ်ရေးဦးစီးဌာမှ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများမှ စုပေါင်းသွေးလှူဒါန်းခြင်းကို ယမန်နေ့ကမော်လမြိုင် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းနေမှုကို မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများက လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများ သတိပြုလိုက်နာရမည့်လက်ကမ်းစာစောင်ဖြန့်ဝေပေး
Nov 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်သူများနှင့် အိမ်ထောင်စုစာရင်းကိုင်ဆောင်သူများ သတိပြုလိုက်နာရမည့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝေါမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့ မင်းလမ်းမတွင် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ
Nov 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မွေးကင်စမှ(၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ယနေ့နံနက်(၀၉:၀၀)နာရီအချိန်က မြို့နယ်ဒေသန္တရကျန်းမာရေးဌာနခွဲတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းဖွင့်လှစ်
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်း (၁/၂၀၂၂)ကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ပေး
Nov 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည်  စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မီးသတ်ဉီးစီးဌာနနှင့် အမှတ်(၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ
Nov 02,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အဆင့်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီအချိန်က မြို့နယ်က‌မ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Nov 02,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း၏ အရင်းမပျက် ထာဝရဆေးပဒေသာပင် (၂၄)နာရီ ဆေးအရောင်းဆိုင်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက နာရေးအသင်းရုံးတွင် ကျင်းပပြုလုပ်သည်။