သတင်းများ

မိုင်းခုတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများပေးအပ်
Mar 24,2022
ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက်ပေါင်း(၁၀၀၀)ကာလ အတွင်း အာဟာရပြည့်ဝစေရေးနှင့် မိခင်ရောကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မြို့ပေါ် ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၃)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်များနင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်ကာ တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
Mar 24,2022
ကချင်ပြည်နယ်အတွင်း တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်တရားမဝင် ကုန်သွယ်မှုများ တားဆိးအရေးယူနိုင်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။
ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ "လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ" ကျင်းပ
Mar 24,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့ ပူးပေါင်း၍ "လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ"ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစား သင်တန်းများ(အခမဲ့) ဖွင့်လှစ် သင်ကြားပေးမည်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နွေရာသီ အားကစားသင်တန်းများကို မတ်လ(၂၅)ရက်နေ့မှ စတင်ပြီး ဧပြီ(၈)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။
မင်းလှမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ဖြေဆိုနိုင်ရေး အတွင်းစည်း၊ အပြင်စည်း လုံခြုံရေး ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 24,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၁_၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာဖြေဆိုနိုင်ရေး၊ အတွင်းစည်း၊ အပြင်စည်းလုံခြုံရေး ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်တုန်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ရေးအစီအစဉ် (MCCT)အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲအေးချမ်းစွာ ဖြေဆိုနိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
Mar 24,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက်၂၀၂၂ ခုနှစ် တက္ကသိုလ်၀င် စာမေးပွဲကို(၃၁-၃-၂၀၂၂)ရက်နေ့မှ (၉-၄-၂၀၂၂)ရက်နေ့အထိ တက္ကသိုလ်၀င် စာမေးပွဲကို စာစစ်ဌာန(၄၆)ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာမေးပွဲများကို အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းများ ကြိုတင်စီမံ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြည်နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်လမ်းညွှန်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Mar 24,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ် ၁၂ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ၏ ဦးဆောင်မှုဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။