ငပုတောမြို့နယ်၊ ဖျန်​ရေ​ကျော်​ကျေးရွာအုပ်စု၊ ဖျန်​ရေကျော်ကျေးရွာ၌ မိုးစပါးဆင်းသုခ (စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်) စံပြကွက်ရိတ်သိမ်းပွဲကျင်းပ

ငပုတော နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်​ရေ​ကျော်​ကျေးရွာအုပ်စု၊ ဖျန်ရေကျော်ကျေးရွာ၌ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ်၊ မိုးစပါးဆင်းသုခ (စီးပွားဖြစ်မျိုးသန့် မျိုးစေ့ထုတ်) စံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် (၈)နာရီက ဧက (၉.၀၀) စံပြကွက်ရှိ တောင်သူ ဒေါ်မေသဇင်ဦး၏ ကွင်းအမှတ် (၁၃၇၃)၊ ဦးပိုင်အမှတ် (၁၅/၃)ရှိ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ရာ တစ်ဧကလျှင် ဆင်းသုခစပါး အစိုတင်း (၉၅.၀၅ ) တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်း​ရေးမှုး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦး​ကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိူးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီမှ အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာအတွင်းရှိ စိတ်ပါဝင်စားသူ ​ကျေးလက်​နေ​တောင်သူ စုစုပေါင်း ( ၇၂ ) ဦး တက်​ရောက် ကြည့်ရှုအား​ပေးခဲ့​ကြောင်း သိရသည်။

အောင်သူ(ငပုတော)