သတင်းများ

မြန်အောင်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၉)ခု တို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများဆောင်ရွက်
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ၊မြန်အောင်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၉)ခုတို့အား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းများကို ယနေ့နံနက်က မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ဧကပေါင်း (၉၀၀) ကျော်ကို အကျိုးပြုသည့် လှာကမြင်-ဆယ်အိမ်စုကျေးရွာ ကုန်ထုတ်လမ်းဖွင့်လှစ်
Mar 24,2022
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ဧက ပေါင်း (၉၀၀) ကျော်ကိုအကျိုးပြုသည့် ဘားအံမြို့နယ်၊ လှာကမြင်-ဆယ်အိမ်စုကျေးရွာ ကုန်ထုတ် လမ်းဖွင့်ပွဲကို မတ်လ ၂၄ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။
ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်း ဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်းဖြန့်ဝေခြင်း ဆောင်ရွက်
Mar 24,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ခြင်းနှင့် နှာခေါင်းစည်း ဖြန့်ဝေခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီက အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့မှ အစိုးရရပ်ကွက်ရှိ မြို့အဝင်အထွက် နေရာဖြစ်သည့် Wel Come To Kyauk Phyu နေရာတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေး ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်မြို့တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ပြည်သူများထံ အခမဲ့ဖြန့်ဝေ
Mar 24,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ခုနှစ် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး၀န်ထမ်းများက ယမန်‌နေ့နှင့် ယနေ့နံနက်ပိုင်းတွင် ပြည်သူများထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြန်အောင်၌ (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ (အခမဲ့)ဖြန့်ဝေ
Mar 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ၂၀၂၂ ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်က ဌာနဆိုင်ရာရုံးများ၊ စျေးနှင့် အဝေးပြေးကားဂိတ်၊ လူစည်ကားရာနေရာများသို့ သွားရောက်ပြီး (အခမဲ့) ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့၌ ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြော
Mar 24,2022
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၁)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်း ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Mar 24,2022
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ် ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။