လောင်းလုံးမြို့နယ်၌ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ

လောင်းလုံး  နိုဝင်ဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ-ထ-က၊ လောင်းလုံးကျောင်း၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားမစတင်မီ မိခင်နှင့်ကလေးအဖွဲ့များနှင့် အမျိုးသမီးရေးရာအဖွဲ့များက ကျောင်းသား၊သူများအား ကိုဗစ်-၁၉ရောဂါ ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌက နှာခေါင်းစည်း Mask များကို ဆရာ/ ဆရာမများထံသို့ ပေးအပ်ခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်လွင်က အဖွင့်အမှာစကားပြောကြားပြီး လောင်းလုံးမြို့မရဲစခန်းမှ ဒုရဲမှူး သော်ဇင်ဦးက ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် လိုက်နာရမည့်အကြောင်းအရာများ၊ ဆိုင်ကယ်စီးလျှင် လိုက်နာရမည့်အချက်များ၊ မော်တော် ယာဥ်မောင်းလျှင် လိုက်နာရမည့် အချက်များနှင့် လူကူးလမ်းတွင် လိုက်နာရမည့်အချက်များအားလည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှ်ိ ဦးဖြိုးလှိုင်ဟိန်းမှ ယာဥ်အန္တရာယ်ဆိုင်ရာ ဥပဒေထုတ်ပြန်ချက် အကြောင်းအစုံအလင်အားလည်းကောင်း အသီးသီးရှင်းလင်းဟောပြော၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံအားလည်းကောင်း အသိပညာပေးဟောပြောပေးခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောပွဲတွင် ​လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား၊သူများတို့က တက်ရောက်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)