စစ်ကိုင်းမြို့ ထူပါရုံအလယ်တန်းကျောင်းခွဲတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

စစ်ကိုင်း နိုဝင်ဘာ ၂

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းမြို့၊ ထူပါရုံအလယ်တန်း ကျောင်းခွဲတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ထူပါရုံအလယ်တန်းကျောင်းခွဲ၊ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြား ပေးပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြူထွန်းက ကျောင်းသား၊ ကျောင်းသူများအား အသိပညာရရှိစေမည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး သုတ/ရသ စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူလေးများအား ဖတ်ရှုစေ၍ မိမိတို့ဖတ်ရှုထား သည့် အကြောင်းအရာများကို ပြန်လည်ဆွေးနွေးစေရာ ကျောင်းသား၊ ကျောင်းသူလေးများက ပြန်လည် ဆွေးနွေးပေးခဲ့ကြကာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ်(၅)ရပ် တို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ဟောပြောပွဲများ ကျင်းပခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ ငှာရမ်းပေးခြင်း၊ အခါအားလျော်စွာ Talk Show များ ဆောင်ရွက်ခြင်းနှင့် အသိပညာပေး စကား ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းခရိုင်(ပြန်/ဆက်)