အိမ်မဲမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စည်ကမ်းချက်များအား အသိပညာပေးနှိုးဆော်

အိမ်မဲ နိုဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး စည်းကမ်းချက်များကို ယမန်နေ့တွင် နေ့ညမပြတ်ဆက်လက် မြို့နယ်အတွင်းလှည့်လည်၍ အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံစိုး၏ ဦးစီးလမ်းညွှန်မှုဖြင့်မီးသတ်ဝန်ထမ်းများက မီးဘေးကြိုတင်ကာကွယ်ရေးညွှန်ကြားချက် ၁/၂၀၂၀ ၏ “အိမ်တိုင်း အိမ်တိုင်းတွင် ၁ ပေခွဲခန့်အကျယ်ရှိ ကိုင်၍အသုံးပြုရန်အသင့်ရှိသော မီးကပ်တစ်ခု ခိုင်ခံသော သံချိတ်ဖြင့်ပြုလုပ်ထားသော မီးချိတ်တစ်ခုနှင့် ရေပုံးတစ်ပုံးအသင့်ထားရှိရန်၊ ယာဥ်စီးလမ်းလျှောက် ဆေးလိပ်မသောက်ရန်၊ အိမ်တိုင်းရှိရေ အိုးများကို ရေအပြည့်ဖြည့်ထားရန်၊ ချက်ပြုတ်သုံးစွဲနေစဥ်အတွင်း မီဖိုအနီးတွင် လူစောင့်အမြဲထားရှိရန်၊ ရေစွတ်ထားသောဂုံနီအိတ် သဲ ရေတို့ကို အသင့်ထားရှိရန်၊ မီးဖိုအနီးတွင်ကြပ်ခိုးများ စုပြုံနေခြင်းနှင့် ထင်းကြပ်စင်တင်ခြင်းများ မပြုလုပ်ကြရန်၊ မီးလောင်လွယ်သည့်ဓာတ်ဆီ၊ ရေနံဆီ၊ လက်နှီးနှင့် စက္ကူစုတ်များမထားရှိရန်၊ ဝါးဓနိဖြင့် ဆောင်လုပ်ထားသောနေအိမ်ရှိ မီးဖိုများကို အိမ်အောက်သို့ချ၍ ချက်ပြုတ်ရန်၊ မီးဖိုးကိုမြေကြီးအနက် ၁ ပေခန့် တူး၍ မီးဖိုအနီးပတ်ပတ်လည်တွင် သွပ်ပြားများထားရှိရန်၊ နေအိမ်နှင့် မီးဖိုအကွာအဝေးအနည်းဆုံး ၅ ပေခန့်တွင်ထားရှိရန်၊ လေပြင်းတိုက်ခတ်သည့်အခါ အသုံးပြုနေသည့် မီးကို ငြိမ်းသတ်ထားရန်၊ မီးသုံးစွဲချိန်ကို နံနက် ၄ နာရီမှ ၁၁ နာရီထိတစ်ချိန်နှင့် ညနေ ၄ နာရီမှ ည ၉ နာရီအထိတစ်ကြိမ် သုံးစွဲကြရန်၊ ခြင်ထောင်အတွင်း ဖရောင်းတိုင် မီးတိုင်တို့ဖြင့် စာကြည့်ခြင်း၊ ဆေလိပ်သောက်ခြင်း မပြုလုပ်ကြရန်၊ ချို့ယွင်းပျက်စီးနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုကြရန်နှင့် လျှပ်စစ်ဦးစီးဌာနမှ ညွှန်ကြား​ထားသော စည်းကမ်းများအတိုင်း အသုံးပြုကြရန်၊ ဘုရားမီးနတ်မီးများပူဇော်သည့်အခါ ဖရောင်းတိုင် အမွှေးတိုင်များကို မီးမလောင်နိုင်သည့် အရာဝတ္ထုများခံ၍ ထွန်းညှိပူဇော်ရန်၊ ညအိပ်ယာဝင်သည့်အခါ ဖရောင်းတိုင် မီးခွက် ခြင်ဆေးခွေများကို စနစ်တကျ ငြိမ်းသတ်ထားရှိရန်၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ အရက်ဆီများကို နေအိမ်အတွင်း ထားရှိပြီး သိုလှောင်ရောင်းချခြင်း၊ သယ်ဆောင်ခြင်းများမပြုလုပ်ရန်၊ မော်တော်ယာဥ်ပိုင်ရှင်များအနေဖြင့် ယာဥ်ပါဆီသိုလှောင်ကန် အတွင်းသာ စက်သုံးဆီများကိုထားရှိရန်၊ အမှိုက်များကို နေအိမ်ခြံဝန်အတွင်း မြေကျင်းတူး၍ မီးရှိုဖျက်ဆီးရန်၊ အမှိုက်များကို မီးရှို့ပါက မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အရန်မီးသတ်တပ်ဖွဲ့သို့ သတင်းပို့ပြီးမှ မီးရှို့ကြရန်၊ နေအိမ်များအနီး တွင်ကောက်ရိုးပုံများ ထားရှိခြင်း မပြုလုပ်ရန်၊ မီးဖြင့်အသုံးပြုသော လုပ်ငန်းရှင်များ၊ ဗီဒီယိုရုံများ၊ ဆန်စက်များ၊ သိုလှောင်ရုံများတွင် မီးသတ်ဆေးဗူး၊ မီးချတ်၊ မီးကပ်၊ ရေ၊ သဲ၊ လှေကား၊ ရေပုံးအလွတ်နှင့် အရေးပေါ်ထွက်ပေါက်များကို လိုအပ်သည့်ပမာဏအထိထားရှိရန်၊ မီးကို သတ်မှတ်အချိန်ထက် ပိုမိုသုံးစွဲရန်လိုအက်သော လုပ်ငန်းရှင်များ၊ သာရေး၊ နာရေး၊ ဆောင်ရွက်လိုသူများသည် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့၏ ခွင့်ပြုချက်ယူပြီးမှ သုံးစွဲကြရန်”နှင့် ယင်းညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက ၂၀၁၅ ခုနှစ် တည်ဆဲဥပဒေ နည်းဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)