လဲချား နိုဝင်ဘာ ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီမှ မတည်ထောက်ပံ့ငွေပေးအပ်ရန် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မတ်လန်းကျေးရွာနှင့် နောင်မိန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာမျိုးလှိုင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များအား မတည်ထောက်ပံ့ငွေပေးအပ်ရာတွင် ပါဝင်သည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး စည်းကမ်းချက်များနှင့် ကိုက်ညီသော မွေးမြူရေးလုပ်ငန်းရှင်များအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လဲချား(မြို့နယ်ပြန်/ဆက်)