ပေါင်းတည် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြိုနယ်အဆင့် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွါး) သင်တန်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်ကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နော်ဆဲပွယ်ဖောကအလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသော အခြေအနေများ ပေါ်မူတည်၍ ကျောင်းအုပ်ကြီးများအနေဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် လိုအပ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုကိုခံယူကာ ယခုကဲ့သို့ ဆွေးနွေးပို့ချရခြင်းဖြစ်ကြောင်း၊ အလေးအနက်ထားစေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ် (၁၇) ဦး၊ အလယ်တန်းကျောင်းအုပ် (၄၂) ဦးနှင့် မူလတန်း ကျောင်းအုပ် (၁၁၃) ဦး စုစုပေါင်း (၁၇၂) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းတွင် ခေါင်းဆောင်မှု စွမ်းရည်ဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ စီမံဘဏ္ဍာနှင့် စာရင်းအင်းဆိုင်ရာများနှင့် ကာယပညာဆိုင်ရာ ဘာသာရပ်များကို နိုဝင်ဘာ ၂ ရက်မှ ၃ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သူရကြီး(ပြန်/ဆက်)