ဒလမြို့နယ် အ.ထ.က(၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ဒလ နိုဝင်ဘာ ၂

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ဒလမြို့နယ် ကမာကဆစ်ရပ်ကွက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပ ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးက လူငယ်စကားဝိုင်း ကျင်းပရခြင်းရခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး အသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေး ခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိစေမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

က်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးလူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေး ကြပြီး၊ အဆိုပါကျောင်းသား၊ ကျောင်သူများထဲမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးစစ်ကြောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး၊ ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။

ယနေ့ ကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပြပွဲများ ခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ ခဲ့ကြောင်း သတင်းရသည်။

သီတာဝင်း (ဒလပြန်/ဆက်)