ပိုင်ကျုံမြို့  အ.မ.ကတနင်းသရောကျောင်း၌ ကျောင်းခြံစည်းရိုးကာရံခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  နိုဝင်ဘာ   

နိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ အဆင်ပြေစွာပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ တည်ဆောက်လျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စု၊ တနင်းသရောကျေးရွာ၊ အ.မ.ကတနင်းသ‌ရောကျောင်းတွင် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများတည် ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါကျောင်းခြံစည်းရိုးသည် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် (၇၆)သိန်းဖြင့် (၁၀၀၀‌ ပေx၆ပေ)ရှိ အုတ်ရိုး၊ ကွန်ကရစ်တိုင်၊ သံစကာဖြင့် တည် ဆောက်ခြင်းလုပ်ငန်းကို  ကျေးရွာရှိတာဝန်ရှိသူများတို့၏ စုပေါင်းလုပ်အားဖြင့် ဇူလိုင်လအတွင်းတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၁ ရက်နေ့တွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ် ကြောင်း သိရသည်။

ယခုအခါ ကျောင်းခြံစည်းကာရံခြင်းလုပ်ငန်းများပြီးစီးပြီးဖြစ်ပါ၍ အ.မ.ကတနင်းသရောကျောင်းမှ ပညာသင်ကြားနေသည့် ကျောင်းသား‌/သူများနှင့် ဆရာ/မများအနေဖြင့် လုံခြုံစိတ်ချစွာ ပညာသင်ကြားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)