သတင်းများ

ကျွန်းတောစုကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ကျွန်းတောစု ကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် ကျင်းပ ခဲ့ကြောင်းသိရသည်။
ဝက်လက်မြို့၌ အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးကို Mobile စနစ်ဖြင့် ဆက်လက်ထိုးနှံပေး
Mar 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံခြင်း မရှိသေးသူများကို  Mobile စနစ်ဖြင့် မြို့မဈေး၊ လှတောနှင့် ရွာသာကြီးအထွက် ကိုဗစ်-၁၉‌ ရောဂါစစ်ဆေးရေးဂိတ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတားတည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး
Mar 27,2022
မွန်​ပြည်နယ်၊ မုဒုံမြို့နယ် ထုံမံကျေးရွာတွင် လယ်ယာကုန်ထုတ်တံတားကို မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေး Talk Show ပြုလုပ်
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေး Talk Showကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
မအူပင်မြို့တွင် မင်းလမ်း-ဆည်မြောင်းလမ်းနှင့် ၂ လမ်းကြား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မင်းလမ်း-ဆည်မြောင်းလမ်းနှင့် ၂ လမ်းကြား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ လမ်းမုဒ်ဦး ရှေ့တွင် ဆောင်ရွက်သည်။
ချောင်းဆုံမြို့တွင် (၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုရစ်ကလေး-ခရိုက်ဒူး-ဆယ်ပလာလမ်းဖွင့်ပွဲကျင်းပ
Mar 27,2022
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချောင်းဆုံမြို့နယ် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည့် (မုရစ်ကလေး-ခရိုက်ဒူး-ဆယ်ပလာ) လမ်းကို ယမန်နေ့ နံနက် (၈)နာရီခွဲအချိန်က မုရစ်ကလေးကျေးရွာအထွက် လမ်းပေါ်တွင် ဖွင့်ပွဲအခမ်း အနားကို ကျင်းပခဲ့သည်။
(၇၇)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကုန်းစုကျေးရွာတွင် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကုန်းကျေးရွာအုပ်စုကုန်းစု ကျေးရွာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးလင်းရေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းသိရသည်။
(၇၇)နှစ်​မြောက်တပ်မ​တော်​နေ့ကိုဂုဏ်ပြု​သောအားဖြင့် ကျိုက္ခမီမြို့​မစျေးအ​ဆောက်အဦးနှင့်ရပ်ကွက်ကွန်ကရစ်လမ်းဖွင့်ပွဲကျင်းပ
Mar 27,2022
(၇၇)နှစ်​မြောက် တပ်မ​တော်​နေ့ကို ဂုဏ်ပြု​သောအားဖြင့်၊ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ၊ကျိုက္ခမီမြို့စည်ပင်သာယာ​မြို့မစျေး ပင်မ​စျေးရုံအ​ဆောက်အဦးသစ်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါပင်မ​စျေးရုံအ​ဆောက် အဦး​ရှေ့တွင်ကျင်းပသည်။