ပေါင် နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်အတွင်းရှိ ဌာနအသီးသီးတို့မှ ဝန်ထမ်းများ စာအုပ်စာစောင်များကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့မွန်းလွဲပိုင်းတွင် မိုဘိုင်းစနစ်ဖြစ် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
မိုဘိုင်းစာကြည့်တိုက်ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဝန်ထမ်းများက ပေါင်မြို့နယ်အတွင်းရှိ သမဝယမဦးစီးဌာန ရုံးနှင့် သမအသင်းစုရုံးသို့ သွားရောက်၍ ဝန်ထမ်းများအား သုတ/ ရသ စာအုပ် စာစောင်များကို ငှားရမ်းပေးခြင်းပြန်လည်အပ်နှံသည့် စာအုပ်များ သိမ်းဆည်းပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်း စာဖတ်ရှိန်မြင့်မားရေးအတွက် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်နိုင်ခြင်း မရှိသူများအတွက် မိုဘိုင်းစနစ်ဖြစ် ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများသို့ စဉ်ဆက်မပြတ်အပတ်စဉ် ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)