တွံတေး၌ ရဲဗလ ရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများပေးအပ်ပွဲ အခမ်းအနားပြုလုပ်

တွံတေး နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း သေဆုံး/ ကျဆုံးနှင့် ထိခိုက်ဒဏ်ရာရရှိသည့် နိုင်ငံဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ရဲဗလရွှေတံဆိပ်နှင့်ဂုဏ်ပြုစာလွှာ ပေးအပ်ပွဲအခမ်းအနားကို​မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးမျိုးဦး တို့ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏ ၄.၁.၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၂)နှင့် ၂၇.၃.၂၀၂၂ ရက်စွဲပါ အမိန့်​ကြော်ငြာစာ အမှတ်(၂၆/၂၀၂၂)တို့ဖြင့် ချီးမြှင့်အပ်နှင်းခဲ့​သော ပြည်ထဲ​ရေးဝန်ကြီးဌာန၊ အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ နိုင်ငံ​တော်တာဝန်ထမ်း​ဆောင်ရင်း ​သေဆုံး/ ကျဆုံးနှင့် ထိခိုက် ဒဏ်ရာရရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ဝန်ထမ်းများအတွက် ရဲဗလ​ရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများ ​ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်​မောင်မြင့်

(မြို့နယ်အုပ်ချုပ်​ရေးမှူး) ရဲဗလတံဆိပ်ရရှိသူ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး၊ ရာအိမ်မှူးနှင့် မိသားစုဝင်များတက်​ရောက်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်​မောင်မြင့် (မြို့နယ်အုပ်ချုပ်​ရေးမှူး)မှ  ရဲဗလ​ရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများအား ရဲဗလတံဆိပ်ရရှိသူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး၊ ရာအိမ်မှူးနှင့် မိသားစုဝင်များသို့ ​ပေးအပ်ခဲ့ပါ​ကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် ရဲဗလရွှေတံဆိပ်ရရှိသူ(၈)ဦးကို ရွှေ၁၄ပဲရည် ၂.၅ကျပ်သားရှိ ရဲဗလတံဆိပ်နှင့်ဂုဏ်ပြုစာလွှာများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

တွံတေးသား(ပြန်/ ဆက်)