ထားဝယ်မြို့အတွင်း (၁၂) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပဒေသာပင် စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည် ပူဇော်

ထားဝယ်  နိုဝင်ဘာ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၁၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်ပူဇော်ခံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးနှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးခဲ့သည်။

ထို့သို့ ပူဇော်ခံရာ၌ ဌာနဆိုင်ရာ အရာထမ်း၊ အမူထမ်းများ လိုက်ပါ၍ ကား(၆၉)စီးဖြင့် စုရပ်ဖြစ်သော ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်မှတဆင့် လေယာဉ်ကွင်းလမ်းအတိုင်း ဗိုလ်ချုပ်ကြေးရုပ်အထိ၊  အာဇာနည်လမ်းအတိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့၊ ဗိုလ်ချုပ်လမ်း၊ ကမြောကင်းလမ်း၊ အမှတ်(လမ်း၊ ဆင်ဆိပ်လမ်း မီးသတ်လမ်းဆုံ၊ မြို့ပတ်လမ်းအတိုင်း သာသနာ့ဗိမာန်တော်အထိ ပဒေသာပင်များအား လှည့်လည်ပူဇော်ခံပြီး သာသနာ့ဗိမာန်တော်တွင် ပဒေသာပင်များအား ပူဇော်ခံထားရှိမှာဖြစ်ကြောင်းနှင့်(၁၂ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော် အခမ်းအနားကို နိုဝင်ဘာ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပဒေသာပင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်၊ အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေ (၅၆၉၇၉၃၀၀) ကျပ် ပဒေသာပင် (၁၀၆) ပင် ဖြစ်ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)