သတင်းများ

ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်လူဦးရေစာရင်း ပြုစုဖြည့်သွင်းနေမှုအား ကြည့်ရှု စစ်ဆေး
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်တွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် လူဦးရေစာရင်းအား အိမ်ထောင်စုဇယား(၆၆/၆)နှင့် တိုက်ဆိုင်စစ်ဆေးပြီး ကွန်ပျူတာ (၁၇)လုံးဖြင့် စာရင်းပြုစုဖြည့်သွင်းခြင်း အခြေအနေများအား ယမန်နေ့က အဆိုပါ လုပ်ငန်းများ ဆောင်ရွက်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။
ရှားတောမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်အသိပေးနှိုးဆော်
Mar 29,2022
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွသစ် အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်နှင့် ညွှန်ကြား ချက်များအား ပိုမိုသိရှိလိုက်နာနိုင်ရန် ရည်ရွယ်၍ ကယား၊ မြန်မာ နှစ်ဘာသာဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ ကယားပိုင်းရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲ-ဘားအံကားလမ်းပေါ်ရှိ ပန်းအလှပင်နှင့်စားသုံးပင် ပျိုးဥယျာဉ်အရောင်းဆိုင်များ ပုံမှန်လည်ပတ် ရောင်းချနေရ
Mar 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်းရှိ လှိုင်းဘွဲ-ဘားအံကားလမ်းမနံဘေးတွင် တည်ရှိသော နောင်သငဲ့ကျေးရွာ၌ သစ်ခွပန်း၊ ရောင်စုံစက္ကူပန်း၊ ကျောက်ခက်၊ ထင်းရှူးပုနှင့် အုန်းချိုမွှေး၊ ဒူးရင်း၊ ဂွေးချို၊ ဇီးချိုသီး၊ ဒူရင်းသီးစသည့်ပျိုးပင်များ၊ ပန်းအလှပျိုးပင်များကို ရောင်းချနေသည့် ပျိုးဥယျာဉ်အရောင်းဆိုင်မှ ပျိုးပင်များ နေ့စဉ်ရောင်းချနေမှု ပုံမှန်ရှိနေကြောင်း သိရသည်။
မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး
Mar 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉:ဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့ အလယ်ရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ် ညံတောအင်းကျေးရွာစိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှု အ‌ခြေအနေများအား ကွင်းဆင်းကြည့်ရှု
Mar 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ညံတောအင်းကျေးရွာ စိုက်ပျိုးရေရရှိရေး မြစ်ရေတင်စီမံကိန်း ဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ပန်း​တောင်းမြို့နယ်တွင် ကျောင်းသား/ သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ်ထုတ်ယူ
Mar 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပန်းတောင်း(အ.ထ.က)၊ ဆင်တဲ(အ.ထ.က)၊ ဥသျှစ်ပင်(အ.ထ.က)၊ ရှားဖြူကွင်း(အ.ထ.က)၊ ဂုံညှင်းတန်း(အ.ထ.က)၊ ထုံးဘို(အ.ထ.က)ကျောင်းများရှိ ကျောင်းသား/ သူများမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဝင်ခွင့်ကဒ် ထုတ်ယူခြင်းကို (၂၄.၃.၂၀၂၂)မှစ၍ စတင်ထုတ်ပေးနေပြီး (၃၀.၃.၂၀၂၂၂)ရက်နေ့ထိ နေ့စဉ် မနက် (၉:၃၀)မှ ညနေ ၄ နာရီထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။
ရေဦးမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးစစ်ဆေး
Mar 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့က မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အောင်မင်္ဂလာ၊ အောင်ဆန်း ရပ်ကွက်အတွင်းလှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးစစ်ဆေးမှုများ ပြုလုပ်ခဲ့‌သည်။
ကိုဗစ်-၁၉ မျိုးရိုးသစ် ဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Mar 29,2022
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ပြည်သူများ သတိပြုရမည့် အချက်များကို သိရှိလိုက်နာစေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ နယ်စပ်ဒေသမိုင်းယန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ယနေ့နံနက်ပိုင်းက ရှမ်း၊ မြန်မာ နှစ်ဘာသာဖြင့် အသိပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။