အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းမိသားစုများစုပေါင်းပြီး ဆွမ်းဆပ်ကပ်လှူဒါန်း

သထုံ  နိုဝင်ဘာ  ၃

၂၀၂၂ ခုနှစ် နိုင်ဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သထုံခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများစုပေါင်းကာ ယနေ့ နံနက်က သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်များအား အရုဏ်ဆွမ်းနှင့် လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် ရှေးဦးစွာ ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီးမှ သံဃာတော်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများတို့က သံဃာတော်များအား အာရုဏ်ဆွမ်းနှင့် ခဲဖွယ်ဘောဇဉ်များတို့ကို ဆပ်ကပ်ကြသည်။

ယင်းနောက် ဓမ္မမေဒနီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပိဋကတ္တယပါရဂူ၊ သာသနာ့ဓဇ သိရိပ၀ရဓမ္မာစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉာဏောသူရိယာဘိဝံသထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မိသားစုများတို့က သီလခံယူဆောက်တည်ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက ်နှစ်ပတ်လည်နေ့အထိမ်းအမှတ် တရားတော်များနာယူကြကာ သင်္ကန်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)