မိုင်းနောင်မြို့တွင် အိမ်ထောင်စုလူဦးရေများ တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း ဆောင်ရွက်

မိုင်းနောင် နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်း‌နောင်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေများတိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉:၀၀)နာရီအချိန် အမှတ်(၅)ရပ်ကွက်ရုံးတွင်သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့အတွင်း လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊   အသက်(၁၀ နှစ်အထက်)နှင့် (၁၈ နှစ်အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးကျော်စိုးလှိုင်၊ မြို့ပေါ်ရပ်ကွက်တာဝန်ကျ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ ပူးပေါင်း၍ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အိမ်ထောင်စုလူဦး‌ ရေများတိုက်ဆိုင်စစ်​ဆေးခြင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်သည့်နေရာသို့ မြို့အုပ်ချုပ်ရေးမှူး ဦးစည်သူထွန်းနှင့်မိုင်းနောင်နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်ဝင်းတို့က မိဘပြည်သူများ အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား အမှန်တကယ်ကိုင်ဆောင်ရမည့်သူများ ကျန်ရှိမှုမရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ အကြံပြုပေးခဲ့ကြောင်း သိရှိရသည်။

မိုးသောက်(မိုင်းနောင်)