သတင်းများ

ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 31,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်လွဲ (၁၀:၀၀)နာရီအချိန်က ကြည့်မြင်တိုင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းဆင်းပွဲ ကျင်းပ
Mar 31,2022
လူငယ်များ၏ ကာယဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွေရာသီကျောင်းပိတ်ရက်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား/ကျောင်းသူများအား ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းပညာ အခြေခံအဆင့်သင်တန်းကို မတ်လ(၂၈)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့အထိ သင်တန်းသား(၂၀)ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး သင်တန်းတတိယမြောက် ယနေ့နံနက်(၉)နာရီ အချိန်တွင် ဆက်လက်ပို့ချခဲ့ရာ သင်တန်းသား/သင်တန်းသူများအား အရေးပေါ်ရုတ်တရက် ကြုံလာလျင်လူနာကို အသက်ရှူလမ်းကြောင်းဖွင့်ရာတွင် အသက်ရှူအားကူနည်း၊ နှလုံးဖိနှိပ်နှိုးဆွနည်းနှင့်  ထမ်းစင်ဖြင့်သယ်ယူနည်းများကို စာ‌တွေ့ပို့ချခြင်း၊ လက်တွေ့ပို့ချခြင်းများ သင်ကြားခဲ့ပါသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လျာထားဦးရေ ပြည့်မီအောင်ထိုးနှံရေး Mobile Team ဖြင့် ကွင်းဆင်းထိုးနှံပေး
Mar 31,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးရန် အကျုံးဝင် လျာထား ဦးရေ ပြည့်မီစေရေးအတွက် ကျေးရွာအုပ်စုများသို့ Mobile Team ဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြိုနယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Mar 31,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ့ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လှိုင်မြို့နယ်တွင် ဈေးကားနှင့် သား၊ ငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Mar 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ရန်ကုန်မြို့​တော် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက်(၇:၀၀)နာရီအချိန်မှ စတင်၍ အမှတ်(၆)ရပ်ကွက်၊ ကမာရွတ်ဘူတာရုံလမ်း၊ အ.ထ.က(၁)ကျောင်းရှေ့တွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို​ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ကြက်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၀၀၀၀)ကျပ်ဖြင့် ​စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မူဆယ်-နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များအသင်း (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေး အခမ်းအနား ကျင်းပ
Mar 31,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်-နမ့်ခမ်းကုန်သွယ်ရေး ကုန်သည်များအသင်းခန်းမ၌ မူဆယ်-နမ့်ခမ်း ကုန်သွယ် ရေး ကုန်သည်များအသင်း (၂၆)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အုတ်တွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ် ၀င်စာမေးပွဲဖြေဆိုရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုအား တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေး
Mar 31,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ် ၀င်စာမေးပွဲဖြေဆိုရန်အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုများအား ယမန်နေ့မွန်း လွဲပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို
Mar 31,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၃၁ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။